MNP ၊ ဇွန် ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဖြင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့တွင်း လူစည်ကားရာနေရာတို့၌ သွားရောက် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေထားပြီး ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ “မူးယစ်ဆေးဝါး တို့ရှောင်ရှား”၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများ၊ ဘိန်းအစားထိုး စိုက်ပျိုးရမည့် အစေ့ထုတ်ပြောင်းစံပြကွက် ဟောပြောမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်မှုများ၊ “မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်”နှင့် “မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်”စသည့် ခေါင်းစဉ်များဖြင့် ဆောင်းပါးတို၊ ဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်းများ စုံလင်စွာ အသိပညာပေးမှုများကို ထည့်သွင်းဖော်ပြထားပြီး မြို့တွင်း လူစည်ကားရာနေရာများ၊ ဈေးဆိုင်များနှင့် ကျောင်းသား၊ ကျောင်းသူတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက သွားရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment