တနင်္သာရီမြို့နယ် Community Centre အတွင်းသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ် Community Centre အတွင်းသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်




MNP ၊    ဇွန်   ၁၃

 တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီကာလအတွင်းခြင်မှ တစ်ဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအကြောင်း အသိ ပညာ ပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီခွဲ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက အသိပညာပေး (TALK SHOW) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပေးသည်။       


ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကိုယ်စား) သားဖွားဆရာမ ဒေါ်ဒေါ်စန္ဒာမြင့်က ခြင်မှတစ်ဆင့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားရခြင်းအကြောင်းအရင်းများ၊ ခြင် မပေါက်ပွားနိုင်ရန် ကြိုတင်ကာကွယ်ရေး (ဖုံး/သွန်/ခပ်/စစ်/လောင်း/ထောင်/လဲ/ဖွင့်/မြှုပ်/ ရှင်း/ထည့်) နည်းလမ်းများ၊ ခြင် မကိုက်စေရန် တစ်ကိုယ်ရည် ကာကွယ်ရေး နည်းလမ်းများနှင့် ကျန်းမာရေးဌာနနှင့်ပူးပေါင်းအဖွဲ့များက ရပ်ကွက်များအတွင်းရှိ ကျောင်းများ၊ လူနေအိမ်များအားလုံးကို အဘိတ်ဆေးခတ်ခြင်းနှင့်ကျောင်းများတွင် ခြင်ဆေးခတ်ပေးခြင်း ဆောင်ရွက်ပေးမှုများအပေါ် မိဘပြည်သူများက ပူးပေါင်းပါဝင်ရေး ပညာပေးဆွေးနွေးပေးခဲ့သည်။        


ထို့အပြင် သွေးလွန်တုပ်ကွေး/ဆင်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် ခြင်လောက်လန်းနှိမ်နင်းရေး ပညာပေးပိုစတာများပါသည့် နံရံကပ်ကိုလည်း မြို့နယ်ဘူထုအခြေပြုဗဟိုဌာလန်းမအတွင်း ပညာပေးပြသပေးထားကြောင်း သိရသည်။


အဆိုပါ အသိပညာပေး(TALK SHOW) ဆွေးနွေးပွဲ အစီအစဉ် ရုပ်/သံသတင်းကို  တနင်္သာရီ မြို့နယ်၏ We Love Tanintharyi Page တွင် မည်သူမဆို အချိန်မရွေး လေ့လာသိရှိနိုင်စေရန်အတွက် လွှင့်တင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)