ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရန်ဒီရေတောများ စိုက်ပျိုးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရန်ဒီရေတောများ စိုက်ပျိုးလျက်ရှိ






MNP ၊    ဇွန်   ၁၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌  သဘာဝဘေးအန္တရာယ်  ကာကွယ်နိုင်ရန်  ဒီရေတောများ  စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းကအလှပ်ကျေးရွာရှိ ဇီးကုန်းကမ်းခြေတွင် စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။


အဆိုပါ ဒီရေတောများစိုက်ပျိုးခြင်းကို သစ်တောဦးစီးဌာနမှ‌ တောအုပ်ကြီးဦးစိုးဝင်း ဦးဆောင်မှုဖြင့် သစ်တောဝန်ထမ်းများ က သက်မဲ့ (၃၀၀)ပင်၊ဗြူချေထောက်(၁၈၀၀) ပင်၊စုစုပေါင်း(၂၁၀၀)ပင်ကို အလှပ်ကျေးရွာ ဇီးကုန်းကမ်းခြေ၌ စတင်စိုက်ပျိုးနေကြောင်းသိရသည်။


သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့်     သဘာဝပတ်ဝန်းကျင်  စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတမှု ရှိစေရေး၊ အရိပ်ရအပင်များ ရရှိစေရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ရေးနှင့် ဇီဝမျိုးကွဲစုံကျေးငှက်သားရဲတိရစ္ဆာန်များ မှီခိုကျက်စားနိုင်စေရန်  သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏  တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတုအတွက် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်‌ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)