MNP ၊ ဇွန် ၁၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဂါယ်လောင်းကျေးရွာအုပ်စုတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(ဆင်းသွယ်လတ် ၃၀ ဧက၊ ပေါ်ဆန်းရင် ၄၀ ဧက) ဆောင်ရွက်မည့် (RS) အဆင့်ရှိ မျိုးသန့်စပါးမျိုးများအား တောင်သူများထံသို့ ထောက် ပံ့ပေးအပ်ခြင်းကို ဇွန်လ ၁၂ ရက် နေ့လည်ပိုင်းက မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မျိုးစပါးပေးအပ်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်က ဂါယ်လောင်းကျေးရွာအုပ်စုတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(ဆင်းသွယ်လတ် ၃၀ ဧက၊ ပေါ်ဆန်းရင် ၄၀ ဧက) ဆောင်ရွက်မည့် (RS) အဆင့်ရှိ မျိုးသန့်စပါးမျိုးများအား တောင်သူများထံသို့ ထောက် ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ မြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များဆောင်ရွက်ပေးကြောင်း၊ စိုက် ပျိုးရေး နည်းပညာများကို အသိ ပညာပေးလုပ်ငန်းများဆောင်ရွက်ပေးကြောင်း၊ တောင်သူလယ် သမားများအနေဖြင့် နည်းပညာအသုံးပြု၍ စပါးအထွက်နှုန်းတိုးတက်မြှင့်မားစေရေးအတွက် စပါးပင်များကို စနစ်တကျစိုက် ပျိုးနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ဌာနဆိုင်ရာအကြီး အကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်တို့က (RS)အ ဆင့်ရှိ ဆင်းသွယ်လတ်၊ ပေါ်ဆန်းရင် မျိုးသန့်စပါးမျိုးများအား တောင်သူများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment