ပုဏ္ဏားကျွန်းမြို့၌ အသံမစဲ မဟာပဌာန်းဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ အသံမစဲ မဟာပဌာန်းဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ





MNP ၊    ဇွန်   ၁၃

ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည် ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်၏ အစီအစဉ်ဖြင့် အသံမစဲ မဟာပဌာန်းဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့၊ နံနက် (၈)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက် မြို့မပရိယတ္တိကျောင်းတိုက် မြေညီထပ်၌ ကျင်းပခဲ့သည်။


အဆိုပါ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ  တက်ရောက်ခဲ့ကြ

ပြီး၊ မဟာပဌာန်းဒေသနာတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ပဌာန်းရွတ်ဖတ်ပူဇော်တဲ့ ရဟန်းတစ်ပါးက ရောင်ခြည်တော်ခြောက်ပါး ဘုရားပင့် ဂါထာဖြင့် ရွတ်ဆိုပင့်လျှောက်ထားပြီး လူပရိတ်များက ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ကြသည်။


ဆက်လက်၍ သံဃာတော်တစ်ပါးက ပဌာန်းတရားနားကြားရန် နတ်ဗြဟ္မာတို့ကို ပင့်ဖိတ်၍ ကျောင်းတိုက်ဆရာတော်ကြီးထံမှ ဩဝါဒခံယူပြီး ပဌာန်းဒေသနာ ရွတ်ဖတ်နိုးဆော်

လွှာကို ရဟန်းတစ်ပါးက ဖတ်ကြားပေးကာ သံဃာတော်အရှင်သူမြတ်တို့က ပဌာန်းပဠိတော် ပစ္စယုဒွေသနှင့် ပစ္စယနိဒ္ဒေသတို့ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။


    ထိုနောက် ယမန်နေ့ ညနေ(၅)နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပေးပြီး၊ ရေစက်သွန်းချအမျှပေးဝေကာ နတ်ဗြဟ္မာများကို ပြန်ပို့၍ ဗုဒ္ဓသာသနံ စိရံ တိဌာတု သုံးကြိတ်ရွတ်ဆို ဆုတောင်းကာ မဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ပိတ်သိမ်းခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)