MNP ၊ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည် / ကော်ပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် အထက (ရွှေတောင်) ကျောင်းဝန်းအတွင်းရှိစက်မှု၊စိုက်ပျိုးေရးနှင့် မွေးမြူရေး သင်တန်းကျောင်းတွင် ကျောင်းသား / ကျောင်းသူ များ တက်ရောက်ပညာသင်ကြားနေမှုအခြေအနေနှင့် အဆောင်နေကျောင်းသား / ကျောင်းသူ များ၏စားသောက်နေထိုင်ရေးကိစ္စရပ်များ၊ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသခွဲ( ၃) ဦးစီးမှူးရုံးမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း( ၃၅၀)ဖြင့်ဆောင်ရွက်လျက်ရှိသည့် ယွန်းတန်းရပ်ကွက် ဧရာဝတီမြစ်ရေတိုက်စားမှုကမ်းပြိုကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းစုဆောင်းထားရှိမှုနှင့် လုပ်ငန်းစတင်ဆောင်ရွက်နေမှုအခြေအနေများ၊ အထက ( သရက်တော) ကျောင်းဝန်းအတွင်းရှိ စံပြအောင်ကုမ္ပဏီမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိသည့် ( ၉၀x ၃၀) ပေ Steel Structure( ၁) ထပ်ကျောင်းဆောင်ဆောက်လုပ်ပြီးစီးမှုအခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းအကောင်ထည်ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြရာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်မှ လိုအပ်သည်များ ကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment