သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်ဆေးဝါးအသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်ဆေးဝါးအသိပညာပေး Talk Show ဆောင်ရွက်


MNP ၊    ဇွန်   ၁၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို  မူးယစ်ဆေးဝါးအသိပညာပေး  Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ဆောင်ရွက်ခဲ့သည်။ 


ထိုသို့ဆောင်ရွက်ရာတွင် သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်မေမွန်ထွဋ်က အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးဝါး အကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့်ဆိုးကျိုးများ၊ မူးယစ် ဆေးဝါးသုံးစွဲသူများ၏ကျန်းမာရေးဆိုင်ရာများ ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများနှင့် သုံးစွဲ သူများအား ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း သိကောင်းစရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။


ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးဝင်းက မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများ ၊ မူးယစ်ဝါးပြဿနာအား  မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများကပါပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ ၊မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာဆောင်ရွက်သင့်သည့်  ဆောင်ရန် ၊ ရှောင်ရန်လိုအပ်သည်များကိုအသိပညာပေးဆွေးနွေးခဲ့ကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)