တုံတာမြို့၌ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းစတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တုံတာမြို့၌ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းစတင်ဆောင်ရွက်



MNP ၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်နှင့် မိုင်းပျဥ်း​​မြို့လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော် တို့ပူးပေါင်း၍ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို ဇူလိုင်လ (၁၈) ရက်နေ့တွင် တုံတာ​ မြို့အခြေခံပညာအထက်တန်းကျောင်၌ စတင်ဆောင်ရွက်လျက်ရှိရာ ပညာရေး ဝန်ထမ်းများနှင့် ဝန်ထမ်းမှီခိုမိသားစုများ၊ အသက်(၁၀)နှစ်နှင့် အထက်နိုင်ငံသား စီစစ်ရေးကတ်ပြားရှိပြီးသော ကျောင်းသား၊ ကျောင်းသူများအား စာရင်းကောက်ယူ ဆောင်ရွက်ကြောင်း သိရသည်။


အဆိုပါ Biometric Enrollment and UID Management System သည် နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နိုင်ငံအတွင်း အသက်(၁၀)နှစ်နှင့် အထက်ရှိသူများကို အီလက်‌ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data)ကို ကောက်ယူမှတ်ပုံတင်၍ UID နံပါတ်ဂဏန်း (၁၀)လုံး သတ်မှတ်ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း မိုင်းပျဥ်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်ထံမှ သိရသည်။


မြတ်မွန်

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)