ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင် ၃/၇ တွင် ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင် ၃/၇ တွင် ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ





MNP ၊ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင် ၃/၇ တွင်ကျင်းပခဲ့ကြောင်းသိရသည်။


ရှေ့ဦးစွာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပျိုးပင်များပေးအပ်ပြီး၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ကျွန်းပင်များကို စတင်စိုက်ပျိုးပေးသည်။ ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများ၊ အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများက စိန်းပန်း နီ/ပြာ ပျိုးပင် ၁၀၀ ပင်၊ ကျွန်းပျိုးပင် ၅၀ ပင်၊ မန်ကျီးပျိုးပင် ၁၀၀ ပင် စုစုပေါင်း ပျိုးပင် ၂၅၀ ကို သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးခြင်း၊ ရေလောင်းခြင်းများ ဆောင်ရွက်ပေးကြ သည်။


အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ စုစုပေါင်း ၁၅၆ ဦး တက်ရောက် စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)