ပေါင်မြို့နယ်တွင်မွေးမြူရေးပညာပေးသင်တန်းဆက်လက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်မွေးမြူရေးပညာပေးသင်တန်းဆက်လက်ဖွင့်လှစ်





MNP ၊ ဇူလိုင် ၁၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်မွေးမြူရေးပညာပေးသင်တန်းဆက်လက်ဖွင့်လှစ်ခြင်းကို ယနေ့နေ့လယ်က ကျခတ်ငူကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။


အဆိုပါသင်တန်းတွင်  ပေါင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင် နှင့်ဝန်ထမ်းများက ယခုလို  တိရစ္ဆာန်ပညာပေးသင်တန်းဖွင့်လှစ်ရခြင်းဖြင့် မိမိအိမ်တွင်မွေးမြူထားသည့် အိမ်မွေးတိရစ္ဆာန်များကို အချိန်မီရှေးဦးပြုစုနိုင်ရန်၊ အချိန်မကုန်၊ လူလည်းမပင်ပန်းဘဲ ပြုစုနိုင်  သည့်အတွက် မိမိတို့အနေဖြင့် အိမ်တွင်း တိရစ္ဆာန်များတွင် အပြင်မှ

ဖြစ်ပွားသော  ကူးစက်ရောဂါများကိုလည်း ကြိုတင်ကာကွယ် နိုင်အောင် သိထားရမည့်အချက်များ၊ကျွဲ၊နွား၊ဆိတ်၊ဝက်၊‌ခွေးတို့တွင်ဖြစ်ပွားတတ်သော ရောဂါများကိုကာကွယ်ခြင်းများ၊ဆောင်ရန်၊ရှောင်ရန်များကိုလည်း ပညာပေးသင်ကြားပေးခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းကို ကျခတ်ငူကျေးရွာ၌ ( ၂ ) ရက်ကြာဖွင့်လှစ်သင်ကြားခဲ့ရာ စုစုပေါင်းလူဦးရေ ( ၁၅ )ဦးတက်ရောက် ပညာသင်ယူခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)