MNP ၊ ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြီးကြပ်သူ တပ်မတော်အရာရှိဗိုလ်မှူးချုပ် ဇော်မင်းအေးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်(၇)နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ သပြုချိုင် သောက်ရေကန်အား တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ စုပေါင်းသန့် ရှင်းရေးများဆောင်ရွက်ရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သောက်ရေကန် ဘေးပတ်ဝန်းကျင်ရှိ သစ်ကိုင်းသစ်ရွက်များ အမှိုက်များ ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းကားဖြင့် အမှိုက်များကိုစနစ်တကျ စွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ရာသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်သူ တပ်မတော်အရာရှိဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment