ရွှေတောင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်






MNP ၊   ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် ၊ စုပေါင်းရုံးလမ်းတွင် မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါအထူးစု‌ေပါင်းသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ( သရက်တော၊ကြာနီကန်၊ယွန်းတန်း) ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၃၅)ဦး ပါဝင်ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်း ယာဥ် ( ၃) စီးဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment