မုဒုံမြို့၌ မိုးသည်းထန်ရွာသွန်းမှုကြောင့် မော်လမြိုင် - သံဖြူဇရပ်ကားလမ်းရေကျော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ မိုးသည်းထန်ရွာသွန်းမှုကြောင့် မော်လမြိုင် - သံဖြူဇရပ်ကားလမ်းရေကျော်







MNP ၊ ဇူလိုင် ၁၈

မွန်ပြည်နယ် မုဒုံမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် မော်လမြိုင်-သံဖြူဇရပ်ကားလမ်း မိုင်တိုင်အမှတ် ၃၄ မိုင် ၁ ဖာလုံနှင့် ၃၅ မိုင်အကြား နှီးပဒေါကျေးရွာ၌ ယနေ့နံနက် ၇ နာရီကစတင်၍ ကားလမ်းရေကျော်မှုဖြစ်ပွားကြောင်း သိရသည်။


ကားလမ်းရေကျော်သည့်နေရာ၌ ရေအမြင့်နှစ်ပေခန့် ရေကျော်လျက်ရှိပြီး မော်တော်ယာဥ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး နေသူရိန်နှင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်းကာ မော်တော်ယာဥ်များ၊ ဆိုင်ကယ်များ ဖြတ်သန်းမောင်းနှင်မှုကို စောင့်ကြည့်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


ရေဆက်လက်မြင့်တက်လာပါက ဘေးအန္တရာယ်ကင်းရှင်းစေရန် ယာဥ်များဖြတ်သန်းသွားလာမှုကို ခေတ္တဆိုင်းငံ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် မော်တော်ယာဥ်များသည် ပုံမှန်အတိုင်းဖြတ်သန်းသွားလာလျက်ရှိသော်လည်း အချို့သော မော်တော်ယာဥ်ငယ်၊ ဆိုင်ကယ်များကို ဖြတ်သန်းသွားလာစေခြင်းမပြု၍ ရေအနည်းငယ် ပြန်လည်ကျဆင်းချိန်ကို စောင့်ဆိုင်းလျက်ရှိကြောင်းနှင့် ယနေ့ မုဒုံမြို့နယ်တွင် မိုးရေချိန် လက်မ ၉ ဒသမ ၆၅ ရှိကြောင်း သိရသည်။


သားငယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)