ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် ဒေးဒရဲမြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် ဒေးဒရဲမြို့နယ် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


MNP ၊  ဩဂုတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည် ဩဂုတ်လ ၂၁ ရက်နေ့ ညနေ (၄)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမြင့်နိုင်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ဧကများ စိုက်ပျိုးထားရှိမှု၊ တစ်ဧကစပါး (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် စိုက်ချိန်ပြောင်းလဲခြင်း၊ စိုက်နည်းပြောင်းလဲခြင်း၊ မျိုးကောင်းမျိုးသန့်စပါး ရွေးချယ်စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျသုံးစွဲခြင်းနှင့် လယ်ယာစိုက်ပျိုးရေးသွင်းအားစု ရရှိမှုများကို ရင်းရင်နှီးနှီး တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းစဥ်များအလိုက် ရှင်လင်းတင်ပြမှုများနှင့် ဒေသခံတောင်သူများ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)