၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက ၊အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက ၊အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊  ဩဂုတ်  ၂၃

(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက ၊အရေး၊ အတီး(ခရိုင်အဆင့်)  ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံက် ၁၁း ၃၀နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်း အဝေး ခန်းမ၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်က (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက ၊အရေး၊ အတီး(ခရိုင်အဆင့်)  ပြိုင်ပွဲ ကျင်းပ   နိုင်ရေး အတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီများအား ဖွဲ့စည်း တာဝန် ပေးအပ်ထားပြီးဖြစ်သဖြင့် မိမိတို့ လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို အကြံပြု ဆွေးနွေး တင်ပြ ကြရန်နှင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအဖွဲ့များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြ  စေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက ၊အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ၊စက်တင်ဘာလ ၁၁ ရက်နေ့တွင် သံတွဲမြို့ ၊ ဒွါရာဝတီမြို့နယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ထံမှ သိရှိ ရသည်။


  သန့်ဇင် 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)