ကန်ကြီး‌‌ထောင့်မြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားနှင့် စံပြမိခင်ဆုပေးပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန်ကြီး‌‌ထောင့်မြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားနှင့် စံပြမိခင်ဆုပေးပွဲအခမ်းအနား ကျင်းပ


MNP ၊  ဩဂုတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားနှင့် စံပြမိခင်ဆု ပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကန်ကြီး‌ထောင့်မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ကန်ကြီး‌ထောင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မာလွင်က ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်၊ မီးတွင်းကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များအကြောင်းနှင့် မွေးကင်းစမှ အသက်၂ နှစ်အထိ ကလေးများအား ကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်းနှင့် ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးမှုအကြောင်းများအပါအဝင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားဆောင်ရွက်မှုအား ရှင်းလင်းပြောကြားသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် ကလေးများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး စံပြမိခင်ဆုရရှိကြ‌သော မိခင်များအား ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။


ထို့နောက် အခမ်းအနားသို့ တက်‌ရောက်လာကြ‌သောတာဝန်ရှိသူများက မွေးပြီးမိခင်များ၊ အသက် (၆) လမှ (၁၁)လအထိ ကလေးများ၊ အသက် (၁)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေဆေးများကို သတ်မှတ်နှုန်းထားအတိုင်း တိုက်ကျွေးခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးပြီးမိခင်များ စုစုပေါင်း (၃၄) ဦးတို့အတွက် ဗီတာမင် B1 အားဆေးနှင့် ကိုယ်ဝန်ဆောင်အားဆေး၊ အိုင်အိုဒင်းဆားနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျော်ဇင်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)