MNP ၊ ဩဂုတ် ၁၂
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် မီးသတ်ဦးစီးဌာနက သဘာဝဘေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ချောင်းတွင်းရေပြင် ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀နာရီက ရွာမရပ်ကွက်ရှိ ချောင်းတွင်းတွင် ပြုလုပ်ခဲ့ကြသည်။
ဂွမြို့နယ်တွင် မီးသတ်ဦးစီးဌာန အနေဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင် ကာကွယ်မှုများ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များက သဘာဝဘေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ချောင်းတွင်းရေပြင် ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများနှင့် ရွာမရပ်ကွက် ချောင်းဘေးရှိ လူနေအိမ်များ အနေဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည် ဝင်းကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment