ကချင်ပြည်နယ်ရှိ ရေခဲတောင်တက်ခရီးစဉ်သို့သွားရောက်ရန် ကြိုတင်စာရင်း ပေးထားသူ ၄၀ နီးပါး ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ရှိ ရေခဲတောင်တက်ခရီးစဉ်သို့သွားရောက်ရန် ကြိုတင်စာရင်း ပေးထားသူ ၄၀ နီးပါး ရှိ



MNP ၊ ဩဂုတ် ၂၀

လာမည့်ပွင့်လင်းရာသီတွင် ကချင်ပြည်နယ်ရှိရေခဲတောင်တက်ခရီးစဉ်ကို သွားရောက်လိုသည့်ပြည်တွင်း ခရီးသွားများများပြားနေပြီး ယခုဩဂုတ်လကတည်းက ကြိုတင်စာရင်းပေးထား သူများပြားနေကြောင်း ကချင်ပြည်နယ်ဒေသခံခရီးသွားလမ်းညွှန်ထံမှ သိရသည်။

ကချင်ပြည်နယ် အတွင်းရှိ ရေခဲတောင်တက်ရန်နှင့် ကချင်ပြည်နယ်၏ အလှအပများကို ခံစားနိုင်ရန်အတွက် ရေခဲတောင်တက်ခရီးစဉ်များကို သွားရောက် ကြမည်ဖြစ်ပြီး ဩဂုတ် ၁၉ ရက် အထိရေခဲတောင်တက် ခရီးစဉ်သွားရန်အတွက် ကြိုတင်စာရင်း ပေးထားသူ ၄၀ နီးပါး ရှိပြီဖြစ်သည်ဟု ဆိုသည်။

‘‘လာမယ့် ပွင့်လင်းရာသီဖြစ်တဲ့ စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်း ကချင်ပြည်နယ်မှာရှိတဲ့ ရေခဲတောင်တွေ ကိုတက်ဖို့ ရေခဲတောင်တက်ခရီး လာရောက်မယ့် ခရီးသွားတွေရှိပါတယ်။ အခုဩဂုတ်လမှာ ကတည်းက ကျွန်တော်တို့ကို ကြိုတင် စာရင်းပေးထားတာတွေ ရှိပါတယ်။ အခုဆိုရင် ရေခဲတောင် တက် ခရီးသွားမယ့်သူ ၄၀ နီးပါး လောက် စာရင်းပေးထားပါတယ်။ ပြည်တွင်းခရီးသွားတွေချည်းပါပဲ။ ပြည်ပခရီး သွားတွေလည်း ရေခဲတောင်တက် ဖို့စိတ်ဝင်စားကြပြီး အခုချိန်အထိတရားဝင် ခွင့်ပြုချက်မပေးသေးလို့ မလာ ရောက်ကြသေး တာပဲရှိတယ်။ လာချင်လို့ ကျွန်တော်တို့ကို ချိတ်ဆက်ကြတဲ့ နိုင်ငံခြားသား တွေလည်း ရှိနေပါတယ်။ လာခွင့်ပြုမယ်ဆိုရင် တော်တော်များများလာကြလိမ့်မယ်လို့ ထင်ပါတယ်’’ ဟု ကချင်ဒေသခံ ခရီးသွား လမ်းညွှန် ကိုဆန်းနိုင်ဧလိယားက ပြောသည်။

ကချင်ပြည်နယ်၌ ရေခဲတောင်အများအပြားရှိပြီး အဆိုပါ ရေခဲတောင်များအနက်ရေခဲ တောင်တက်ခရီး စဉ်အဖြစ် ဖုန်ကန်ရာဇီရေခဲတောင်ကို အများဆုံးသွားရောက် တက်လေ့ရှိပြီး စွန့်စားလိုသည့်သူများအနေဖြင့် ခါကာဘိုရာဇီ ရေခဲတောင်ကို လည်း သွားရောက်လေ့ရှိသည် ဟု ဆိုသည်။

ရေခဲတောင် တက်လိုသူများ အနေဖြင့် ရေခဲတောင်တက်နိုင်ရန် သက်လုံကောင်းအောင် ကျန်းမာ ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ပြီး လမ်းခရီးလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ဒေသခံခရီးသွား လမ်းညွှန်များနှင့်ဒေသခံများ ပြောကြားသည့်ဆောင်ရန်၊ ရှောင်ရန်အချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရ မည်ဖြစ်ကြောင်းသိရသည်။


TC

ဓာတ်ပုံ - ဖုန်ကန်

#MyanmarNationPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)