(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ်(ကူမင်း) ပို့ကုန်/သွင်း ကုန်ကုန်စည်ပြပွဲတွင် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကြိုက်နှစ်သက် ကြ၍ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက်တရုတ်(ကူမင်း) ပို့ကုန်/သွင်း ကုန်ကုန်စည်ပြပွဲတွင် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကြိုက်နှစ်သက် ကြ၍ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိ


MNP ၊ ဩဂုတ် ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ကျင်းပလျက်ရှိသည့် (၇)ကြိမ် မြောက်တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ စတုတ္ထနေ့ဖြစ်သည့် ယမန်နေ့က မြန်မာနိုင်ငံပြခန်းဆောင်၌ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊ လှပသောသဘာဝရှုခင်းများနှင့် မြန်မာ့ထွက်ကုန် ပစ္စည်းများအကြောင်းကို မိတ်ဆက်ပြော ကြားပြီး ယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာ ကြည့်ရှုသူပရိသတ်များ၊ ပြခန်းဆောင်အတွင်း ပြသထားသည့် မြန်မာ့ခရီးသွားနေရာများကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြ သူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ မြန်မာပြခန်းများ၌ ရောင်းချလျက်ရှိ သည့် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကြိုက်နှစ်သက် ကြ၍ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက တရုတ်လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး မြန်မာနှင့်တရုတ် လုပ်ငန်းရှင်များအကြား ကုန်ပစ္စည်းများ တင်ပို့ တင်သွင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ကြသည်။

ထို့ပြင် ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသည့် မြန်မာလုပ်ငန်းရှင်များသည် ကူမင်းမြို့ရှိ China South Asia Southeast Asia Cross Border e-commerce Industry Center သို့ သွားရောက် လေ့လာခဲ့ကြသည်။ အဆိုပါ Center သည် တောင် အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်စည်များ ကို Live Sale ရောင်းချပေးနေသော နေရာဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်ပစ္စည်း နမူနာများကို ပါဝင်ပြသကြသည်။ Center တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများကို Live Sale ရောင်းချနိုင်သည့် Broadcast Room တစ်ခုကိုလည်း ဖွင့်လှစ်ထားသည်ကို လေ့လာခဲ့ကြကြောင်း သိရသည်။   


#MyanmarNationPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)