ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းများကို ရှင်းပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းများကို ရှင်းပြီ


MNP ၊ သြဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာ  PDF စခန်းများကို ယနေ့နံနက် ၅နာရီအချိန်မှစ၍ ရှင်းလင်းနေပြီဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက "ရွှေဘိုမြို့ ချီပါကျေးရွာ PDF အကြမ်းဖက်သမားများ စခန်းချခိုအောင်းနေရာ စာသင်ကျောင်ဝင်းအတွင်း နယ်မြေရှင်းလင်းနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိအခြေအနေကိုတော့ မသိရသေးပါဘူး။" ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ပြောသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များသည် ရက်ပိုင်းအတွင်းက ရွှေဘိုမြို့ဝင်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။ 

ဒေသခံများ၏ ဆက်သွယ်ပြောကြားချက်အရ ရွှေဘိုမြို့နယ် စိုင်နိုင်ကြီးကျေးရွာ၊ ဆင်မြေကျေးရွာ၊ စိုင်နိုင်လေးကျေးရွာ၊ ယင်းမာကျေးရွာ၊ ဇီးတေားကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ မိတ္ထလာကျေးရွာ၊ မဲတေားကုန်းကျေးရွာ၊ ကျွဲဇင်းကျေးရွားများတွင် PDF အကြမ်းဖက်သမားများ ခိုအောင်းလျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)