MNP ၊ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက မူးဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေရေးရာနှင့် ယဉ်ကျေးလိမ္မာ အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ကျောင်းသူ(၇၂၀)ဦး တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇာခြည်ဦးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း ဆွေးနွေးခြင်း၊ မင်းတုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းလှိုင်မှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆွေးနွေးခြင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါသီတာခိုင်မှ ယဉ်ကျေးလိမ္မာ ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက စိုက်ပျိုးရေးဆိုင်ရာ အထွေထွေ ဗဟုသုတ ဆွေးနွေးခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေက ပလပ်စတစ်အိတ် သုံးစွဲမှု လျှော့ချနိုင်ရေးတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment