ဟင်္သာတမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်၌ ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်၌ ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲကျင်းပ




MNP ၊  စက်တင်ဘာ  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်၌ ဖွင့်လှစ်ခဲ့သော ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စံပယ်ဦးက သင်တန်းဆိုင်ရာ အစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့သည်။


ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသား ကသ-၁၆ ဦးဌေးလွင်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှလည်းကောင်း၊ သင်တန်းသူများကိုယ်စား ဟင်္သာတတက္ကသိုလ် ပါမေက္ခချုပ် ဒေါက်တာ ကသ-၁ ဒေါ်သဲထွဋ်ကျော့သဇင်အား ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေမှလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား ကသ -၂ ဦးကျော်ဇင်ထက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းကို ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှ ၁၅ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတို့မှ သင်တန်းသား ၁၃ ဦး၊ သင်တန်းသူ ၃၉ ဦးစုစုပေါင်း ၅၂ ဦးတို့အောင်မြင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment