ကျောက်ပန်းတောင်းမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီး(မြို့နယ်အဆင့်)ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီး(မြို့နယ်အဆင့်)ပြိုင်ပွဲကျင်းပ





MNP ၊  စက်တင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်) ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်သဘင်ပညာရှင်များအစည်းအရုံးမှ တာဝန်ရှိသူ(၂)ဦးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)မှ ကျောင်းအုပ်ဆရာမကြီးတို့က ဒိုင်များအဖြစ် တာဝန်ယူကြပြီး၊ အခမ်းအနား ပထမပိုင်းအစီအစဉ်တွင် ခေတ်ဟောင်းကာလပေါ် တေးသီချင်း ဘာသာရပ်ကို အခြေခံပညာအဆင့် အသက်(၁၅-၂၀) နှင့် အမျိုးသမီး အကပြိုင်ပွဲ ဘာသာရပ် အခြေခံပညာအဆင့် အသက်(၁၀-၁၅)နှင့် အသက်(၁၅-၂၀)ပြိုင်ပွဲများကို အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများနှင့် အဆင့်မြင့် ပညာအဆင့်တွင် အစိုးရစက်မှုလက်မှု သိပ္ပံ‌ကျောင်း (ကျောက်ပန်းတောင်း)မှ ကျောင်းသား/ကျောင်းသူလေးမျာကလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ခေတ်ဟောင်း ကာလပေါ် သီချင်းဖြင့် မသဒ္ဒါထိပ်ထားကလည်းကောင်၊ မဟာဂီတသီချင်း ဖြင့် ကိုယုမော်ကလည်းကောင်း၊ တစ်ကိုယ်တော် ဆိုင်း(အတီး)ဖြင့် ကိုဘိုဝင်းမှ လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ဧည့်ခံဖျော်ဖြေ တီးခတ်ခဲ့ ကြသည်။


ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အဖြစ် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ အတွင်းရေးမှူး ရဲမှူး မျိုးမင်းနှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဧည့်ခံဖျော်ဖြေကြသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယနေ့ပြုလုပ်သည့် မြို့နယ် အဆင့် ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် ဂုဏ်ပြုဆုရရှိကြသူများအနေဖြင့် ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းသိရပြီး၊ အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများ၊ ဝါသနာရှင်ပြိုင်ပွဲဝင်များနှင့်မိသားစုဝင်များ၊ အားပေးကြည့်ရှုကြသူများဖြင့် စည်ကားခဲ့ကြောင်းသိရသည်။


နေအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment