MNP ၊ စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြသည်။
စုပေါင်းသွေးလှူဒါန်းရာသို့ အမှတ်(၆၀၆)အမြှောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူးဗိုလ်မှူးချုပ် ကိုဦး၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးပိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ သွေးလှူဒါန်းကြသည့် ရဲတပ်ဖွဲ့ဝင်များထံ အားဆေး၊ အချိုရည်၊ ကြက်ဥ၊ ငှက်ပျောသီးစသည့် အာဟာရဖြည့်စွက်စာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
သွေးလှူဒါန်းရာတွင် သထုံခရိုင်အတွင်းရှိ အရာရှိနှင့်အခြားအဆင့်ရဲတပ်ဖွဲ့ဝင်(၂၀)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ သထုံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ခြင်း၊ သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ခရိုင်ပြည့်သူ့ဆေးရုံအုပ်ကြီးက သွေးလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ရာ သွေးအလှူရှင်များ၏ကိုယ်စား ခရိုင်ရဲတပ်ဖွဲ့မှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment