ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ခွက်ခေါက်ကြအုံးမှာလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ခွက်ခေါက်ကြအုံးမှာလား


တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ချုပ်ငြိမ်းစေဖို့ မျှော်လင့်နေတာတော့ ကြာပါပြီ။ အကြမ်းဖက်လှုပ်ရှားမှု က မချုပ်ငြိမ်းသည့်အပြင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ကြားသိလာရတယ်။ လမ်းတံတားတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေက ဆက်တိုက်ဆိုသလို ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်။ 


အကြမ်းဖက်နှိမ်နင်းရေးကို ကျွန်တော်တို့ ပြည်သူများက ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့ မရဘူး။ နစကအစိုးရက တာဝန်အပ်နှင်းထားတဲ့ သက်ဆိုင်ရာမြို့နယ်များမှာ တာဝန်ယူဆောင်ရွက်နေသူများ တာဝန်သိစိတ်နဲ့ ရှင်းလင်းမှသာ အကြမ်းဖက်အန္တရာယ် က ချုပ်ငြိမ်းမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်များမှာ တာဝန်ထမ်းဆောင်နေကြသူများကိုလည်း အရမ်းကာရော ပြစ်တင်ဝေဖန် ပြောဆိုလိုခြင်း မရှိပါဘူး။ တချို့က အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေးကို တကယ်လုပ်ဆောင်လိုကြပါတယ်။ လုပ်ပိုင်ခွင့် ကန့်သတ်ထိန်းချုပ်ထားတာ၊ ညွှန်ကြားချက် မရတာတွေကြောင့် မလုပ်ရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တချို့သော တာဝန်ရှိသူများကတော့ ပြည်ဖျက်မိစ္ဆာ နီပိန်းအကြမ်းဖက်ဝါဒီများရဲ့ လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာနေကြတာကလည်း အလွန်ပင် ရွံရှာဖွယ်ရာ ဖြစ်ပါတယ်။ 


အကြမ်းဖက်နှိနင်းရေးကို မြေပြင်မှာ လက်တွေ့ကျကျ ဆောင်ရွက်နေကြရတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ညီအစ်ကိုများအတွက် ကျွန်တော်အမြဲတမ်း ဆန္ဒပြုနေတာကတော့ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ၊ အကြမ်းဖက်အန္တရာယ်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ကြပါစေ ဆိုတာပါပဲ။


ကျွန်တော်တို့က သတ်ဖြတ်ရတဲ့ အလုပ်တွေကို လုပ်စေချင်လွန်းလို့ အခုလို အစွန်းမလွတ်တဲ့ စကားတွေ ပြောဆိုနေခြင်း မဟုတ်ပါဘူး။ ကျွန်တော်တို့တွေဟာ လူ့ဘောင်လောကမှာ ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့် အလျှောက် သူတပါးအသက်ကို သတ်ဖြတ်ခြင်းသည် အကုသိုလ် အလုပ်တွေ ဖြစ်တယ်ဆိုတာကိုလည်း သိကြပါတယ်။ 

သို့သော် အကုသိုလ်အလုပ်တွေကို မလုပ်လို့ မဖြစ်တဲ့ အခြေအနေမျိုးကြုံတွေ့လာရချိန်မှာ လုပ်ရတာမျိုးလည်း ရှိပါတယ်။ အဲဒီအချိန်ကတော့ အဓမ္မဝါဒီတွေက ဓမ္မကို လွှမ်းမိုးဖို့ ကြိုးစားလာတဲ့ အချိန်မျိုးမှာ လောကအကျိုးအတွက် အဓမ္မဝါဒီများကို မဖြစ်မနေ နှိမ်နင်းကြရတာ ဖြစ်ပါတယ်။ တပ်မတော်သားများအနေနဲ့လည်း ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း မလုပ်ချင်ဘူးဆိုတာ သိသာပါတယ်။ 


မလုပ်ချင်တဲ့အတွက်ကြောင့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုနောက်မှာ လိုက်ပါပြီး ကိုယ့်ပြည်သူအချင်းချင်း ရက်စက်ယုတ်မာရိုင်းစိုင်းနေကြတဲ့ နီပိန်း အကြမ်းဖက်သမားတွေ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်စေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ရဲ့ သွေးထိုးလှုံ့ဆော်မှုနောက်မှာ လိုက်ပါပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ မိုက်ရူးရဲဆန်ဆန် ဆင်ခြင်တုံးတရား ကင်းမဲ့စွာ လုပ်ဆောင်နေသူများထဲမှာ အသိတရားအနည်းငယ် ရှိတဲ့သူတွေ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတယ်။ တချို့လက်နက်များ အပ်နှံပြီး ဝင်ရောက်လာသည့်အလျှောက် နိုင်ငံတော်က ထုတ်ပြန်ကြေညာထားသည့်အတိုင်း လက်နက်အမျိုးအစားပေါ် မူတည်ပြီး ဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်။ သို့သော် အကြမ်းဖက်သမားအားလုံး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်း မရှိပါဘူး။ လက်နက်ကိုင်ပြီး ဒေသခံပြည်သူများအပေါ် လူပါးဝ ဂုပ်သွေးစုပ်ရတာကို အရသာ တွေ့နေကြတာ ဖြစ်ပါတယ်။ NLD ဦးဆောင်သူများ တိုင်းပြည်ကို ငါးနှစ်တာ အုပ်ချုပ်ခွင့် ရချိန်မှာ အာဏာရဲ့ အရသာ (အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလို့ လွယ်တာ) ကို သိသွားသလိုပဲ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ နီပိန်း အကြမ်းဖက်သမားလေးများဟာလည်း လက်နက်ကိုင်ပြီး လူပါးဝခွင့် ရတဲ့ အရသာကို သိသွားကြတာ ဖြစ်ပါတယ်။


စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အကြမ်းဖက်ရှင်းလင်းရေး ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေကို ပြန်သုံးသပ်ရပ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ အကြမ်းဖက်စခန်းများကို ရှင်းလင်းရာမှာ ပဒက်တွေ အစုလိုက် အပြုံလိုက် ကျဆုံးအောင် လုပ်ခဲပါတယ်။ အကြမ်းဖက်သမား တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်လောက်သာ မဖြစ်မနေ အသေဖမ်းဆီးပြီး အခြားသော အကြမ်းဖက်သမားများကို ထွက်ပြေးခွင့် ပေးခဲ့တဲ့ သဘောကို တွေ့ရပါတယ်။ အကြမ်းဖက်သမားများ စခန်းအဖြစ် အသုံးပြုထားတဲ့ တဲတွေကို ရှင်းတယ်။ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းတယ်။ နီပိန်း အကြမ်းဖက်ဝါဒီတွေပေါ် များစွာ ငဲ့ညှာပါတယ်။ 


ဒီလ အစောပိုင်းမှာတော့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ အကြမ်းဖက်သမား (၁၄)လောင်း အထိ နှိမ်နင်းရှင်းလင်း ခဲ့ရတာမျိုး ရှိခဲ့ပါတယ်။ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်လိုက်ပြီဆိုရင်ဖြင့် ပြည်ပြေး ဝရမ်းပြေးတွေမှာ ဝမ်းမြောက် ဝမ်းသာ ရေးသားဖော်ပြကြတာမျိုးတွေ တွေ့ရပါတယ်။ မုန့်ဟင်းခါး ဘယ်နှပွဲ စားလိုက်ရတယ်။ ဒလန်ကို ရှင်းလိုက်ပြီ။ ပျူစောထီးကို ရှင်းလိုက်ပြီ အစရှိသဖြင့် သူတို့ ပါးစပ်ထဲ ရှိသမျှ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အောင်ပွဲခံကြတာ ဖြစ်ပါတယ်။


ရန်ကုန်မြို့ပေါ်မှာ မီးရထားရဲတပ်ဖွဲ့ဝင် (၄)ဦးကို သတ်ဖြတ်ပြီးချိန်မှာ အကြမ်းဖက်သမားများက စားသောက်ဆိုင်မှာ သွားပြီးတော့တောင် အောင်ပွဲခံကြသတဲ့ဗျာ။ ဒါမျိုးဖြစ်စဉ်တွေ အများကြီးပါ။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်ပါးစေ PDF, KNU, KNLA, KIA, KNPP, CDF, CNF အစရှိသော အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၂၀၀ ကျော်အထိ မြိန်ရည်ယှက်ရည် သတ်ခဲ့ကြပြီး ဖြစ်တာကိုလည်း မေ့မထားသင့်ပါဘူး။ သူတို့ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။


ယနေ့ နံနက်ပိုင်းက မြင်းမူမြို့နယ်မှာ PDF အကြမ်းဖက်သမား (၂၅)ဦးထက်မနည်း အသေဖမ်းဆီးရမိတဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ပါတယ်။ ပုလောမြို့နယ်မှာ PDF အကြမ်းဖက်သမား (၁၄)လောင်း ကျဆုံးတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဟာ ပဒက်မသာတွေကို အကြောင်းပြုပြီး ခွက်ခေါက်ကြပါတယ်။ အခုလည်း ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ခွက်ခေါက်ဖို့ ခေါင်းစဉ်ရပြန်ပါပြီ။ တကယ်တော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဟာ ပဒက်တွေ သေလို့လည်း ဝမ်းမနည်းပါဘူး။ သူတို့ကိုယ်တိုင်ပွဲ သေတွင်း နှုတ်ခမ်းဝကို ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ပဒက်တွေက မိုက်ရူးရဲဆန်ဆန် အပြစ်မဲ့ ရဟန်းရှင်လူများကို သတ်နိုင်ရင် လူသတ်ခပေးတယ်။ ပဒက်လေးတွေ သေသွားရင်လည်း ခွက်ခေါက်ပြီး အလှူခံကြတယ်။ သူတို့အတွက် အရှုံးဆိုတာ မရှိပါဘူး။ ပဒက်လေးတွေ ခွေးသေ၊ ဝက်သေ သေရလို့လည်း သူတို့ဘက်က ဘာမှ တာဝန်ယူတာ မရှိပါဘူး။ 


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဟာ တာဝန်ယူ၊ တာဝန်ခံရမယ့် အလုပ်ဆိုရင် ဘာမှ မလုပ်ပါဘူး။ ယနေ့ တိုင်းပြည်အတွင်းမှာ ပြည်ပြေး ဝရမ်းပြေး ခွေးသူတောင်းစား ဇော်ဝေစိုးရဲ့ သြဇာခံ အကြမ်းဖက်သမားတွေ ရှိတယ်။ ဖမ်းဆီးရမိခဲ့တာတွေလည်း ရှိတယ်။ ထို့အတူ မင်းကိုနိုင်၊ မျိုးရန်နောင်သိန်း၊ ဇင်မာအောင်၊ လွင်ကိုလတ်၊ အောင်ကြည်ညွန့်၊ နေဘုန်းလတ် တို့ရဲ့ သြဇာခံအကြမ်းဖက်သမားတွေ အဖွဲ့နာမည်မျိုးစုံနဲ့ လှုပ်ရှားနေကြပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေ ရဲ့ အလုပ်ကတော့ လုပ်ကြံဖန်တီး ပြောဆိုပြီး မှိုင်းတိုက်ဖို့ တာဝန်က သူတို့ တာဝန်ပါ။ ပြည်တွင်းမှာ ရှိတဲ့ နီပိန်းလေးတွေ မှိုင်းဝပြီး အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ရဲကိုင်ရဲဖြစ်အောင် လုပ်ကြံပြောဆိုခြင်း အတတ်ပညာဟာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ပညာပါ။


ယနေ့ တိုင်းပြည်ကို ဦးဆောင်နေကြသော ခေါင်းဆောင်ကြီးများ ဒီမိုကရေစီအရည်ခြုံ၊ လူ့အခွင့်အရေးအရည်ခြုံ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများကဲ့သို့ ထမင်းရည်ပူ လျှာလွှဲ မလုပ်ကြပါနဲ့။ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ထိရောက်စွာ ကာကွယ်မှုပေးနိုင်ဖို့ တာဝန်ယူကြရမှာ ဖြစ်ပါတယ်။ ပြည်သူကိုပဲ ပြစ်တင်ပြောဆိုနေတာမျိုး မလုပ်ပါနဲ့။ ပြည်သူတွေက နီပိန်းအစွန်းရောက် အကြမ်းဖက်အန္တရာယ်တွေကို နှိမ်နင်းဆောင်ရွက်နိုင်အောင် ပူးပေါင်းဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်။ သက်ဆိုင်ရာ နယ်မြေများမှာ နိုင်ငံတော်အကြီးအကဲများက ယုံကြည်စွာ တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်များက တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မလိုလားကြတာတွေလည်း ရှိပါတယ်။ ပူပေါင်းဆောင်ရွက်တဲ့ ပြည်သူကို သေကြောင်းကြံသည်အထိ ရက်စက်ယုတ်မာတဲ့သူတွေ ရှိနေမှဖြင့် ပြည်သူက ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မှာလဲ။ ဒါတွေကိုလည်း စုံစမ်းဖော်ထုတ်ပြီး အရေးယူဆောင်ရွက်သင့်ပါပြီ။


အကြမ်းဖက်သမားတွေ သေလို့ ဂုဏ်မယူပါဘူး။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာခဲ့တဲ့ နီပိန်း အကြမ်းဖက်ဝါဒီတွေကတော့ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုများနဲ့ ထိုက်တန်တဲ့ တူသောအကျိုးကို ရရှိမှာပဲ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများကလည်း သူတို့စီးပွားရေးကို အထိခိုက်ခံမှာ မဟုတ်ပါဘူး။ ပဒက်မသာတွေကို အကြောင်းပြုပြီး ခွက်ခေါက်ကြမှာပဲ ဖြစ်ပါတယ်။ ပဒက်တွေမှာ လုပ်ကြံဖန်တီး မှိုင်းတိုက်ခြင်း ခံထားရတယ်။ မူးယစ်ဆေးဝါးရဲ့ သားကောင်လေးတွေ ဖြစ်နေကြတယ်။ လူလိုတွေးတတ်မယ်ဆိုရင်တော့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြမှာ ဖြစ်ပါတယ်။ အမှား အမှန်၊ အကောင်း အဆိုး၊ အကြောင်း အကျိုး ကို ဝေဖန် ပိုင်းခြားနိုင်ခြင်းမရှိတဲ့ ပဒက်တွေကတော့ လက်နက်ပိုင်ပြီး မိုက်ရူးရဲဆန်ဆန် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေကြမှာပဲ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အန္တရာယ်ကင်းတယ်ဆိုရင်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါတယ်။ 


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)