MNP ၊ စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသွားကား လမ်းဘေးတွင်တည်ရှိသည့် ရွှေလိပ်တူးဂူဘုရားရှိ လှပသောလက်ရေးအပ္ခရာ ၃၆ ကြောင်းနှင့်အမိုးနံရံများရှိ နံရံပန်းချီများ၊ ဂူဘုရားတည်ဆောက်ထားပုံ ဗိသုကာလက်ရာများကို လေ့လာနိုင်ကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရွှေလိပ်တူးဘုရားသည် တံတိုင်းသီးခြားနှင့်အရွယ်အစား အတော်အသင့်ကြီးသော ဂူဘုရားဖြစ်ပြီး မုခ်လေးမုခ်ပါရှိပြီး အရှေ့ဘက်၊တောင်ဘက် နှင့်မြောက်ဘက်မုခ်တို့တွင် ထိုင်တော်မူဆင်းတုတော်များ ဖူးမြှော်တွေ့ရှိနိုင်ပြီး အနောက်ဘက်မုခ်တွင် မတ်ရပ်ရုပ်ပွားတော်ဖူးမြှော်နိုင်သည်။ ရွှေလိပ်တူးဂူဘုရားအတွင်းနံရံ၌ လှပသောလက်ရေး အက္ခရာကျနစွာဖြင့် မင်ရေးကမ္ဗည်းစာ (၃၆)ကြောင်းကို လေ့လာဖတ်ရှုနိုင်သည်။ ထိုစာမှာ ဂူအတွင်းဆင်းတုတော်များ ဖျက်ဆီးပျက်ပြားတူးဖော်ခဲ့သည်ကို ပြန်လည်ပြုပြင်သော ခေင်္ဂဝရသီလမထေရ်၏သက္ကရာဇ် ၉၀၀ ကျော်က မှတ်တမ်းကမ္ဗည်း စာရေးထိုးထားကြောင်း သိရကာ ရွှေလိပ်တူးဂူဘုရားတည်ဆောက်ပုံ ဗိသုကာလက်ရာများကို လေ့လာနိုင်ကြောင်း သိရသည်။
ရွှေလိပ်တူးဂူဘုရား၏ မြောက်ဘက်တွင် သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ သူငယ်တော်ဘုရား၊ အနောက်ဘက်တွင် ထီးလိုမင်းလိုဘုရား၊ စတုမုခဘုရား၊ ငွေစည်းခုံဘုရား၊ တောင်ဘက်တွင် အလိုတော်ပြည့်ဘုရားတို့အား တစ်ဆက်တစ်စပ်တည်း သွားရောက် ဖူးမြှော်လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment