မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများအတွက် ဆန်နှင့် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများအတွက် ဆန်နှင့် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ




MNP ၊ စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးတွင် စားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးတို့အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ဦးဆောင်မှုဖြင့် မကွေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရောင်းချဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးသည်။

ထိုသို့ ရောင်းချပေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်းတို့နှင့်ပူးပေါင်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ(၁)ပိဿာ (၄၅ဝဝိ/-)ကျပ်နှုန်းဖြင့် မကွေးမြို့၊ ရွာသစ်ပွဲကြိုရပ်ကွက်တွင် အိမ်ထောင်စု (၆၈၀)စုအတွက် ဆီ(၆၈၀)ပိဿာ၊ မြို့ဟောင်းရပ်ကွက်တွင် မင်္ဂလာဈေးရှေ့တွင် အိမ်ထောင်စု(၁၁၈၀)စုအတွက် ဆီ (၁၁၈၀)ပိဿာ၊ အောင်မေတ္တာရပ်ကွက်တွင် အိမ်တောင်စု (၁၁၀၀)စုအတွက် ဆီ(၁၁၀၀)ပိဿာ စုစုပေါင်း အိမ်ထောင်စု (၂၉၆၀)စုအား ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ရောင်းချပေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးနှုန်းချိုသာစွာ စနစ်တကျ ရောင်းချစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်ကာ ရောင်းချပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စီစဉ်ရောင်းချပေးခြင်းဖြစ်ပြီး၊ ပြင်ပသို့ ပြန်လည်ရောင်းချခြင်း မပြုစေလိုကြောင်း၊ သက်သာသောဈေးများဖြင့် ရပ်ကွက်အသီးသီးမှာ ဆက်လက်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် အားပေးစကားများ ပြောကြားသည်။

ထို့အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ ဒေသခံပြည်သူများ စားသုံးဆီ ဖူလုံစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းတို့ ပူးပေါင်းချိတ်ဆက်၍ သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးနှုန်းချိုသာစွာဖြင့် စနစ်တကျ ရောင်းချဆောင်ရွက်ပေးလျက်ရှိပြီး၊ နေ့စဉ်လူမှုစီးပွားဘဝ အထောက်အပံ့ဖြစ်စေရေး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များကိုလည်း ဆက်လက် ရောင်းချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မောင်ညီညာ

#MyanmarNationalPost

No comments:

Post a Comment