ရန်ကုန်တိုင်းဝန်ကြီးချုပ် သန်လျင်ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် လူငယ်သီတင်းပတ်ပွဲတော်တက်ရောက်အားပေးချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဝန်ကြီးချုပ် သန်လျင်ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် လူငယ်သီတင်းပတ်ပွဲတော်တက်ရောက်အားပေးချီးမြှင့်


MNP ၊ စက်တင်ဘာ ၉

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ လူငယ်သီတင်းပတ်ပွဲတော်အား ယမန်နေ့နံနက်တွင် ဆက်လက်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများက တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့်တာဝန်ရှိသူများသည် လူငယ်သီတင်းပတ်ပွဲတော်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသလျက်ရှိသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ကြည့်ရှုကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုက လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲသို့ တက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်၊ ထို့နောက်နိုင်ငံဂုဏ်ဆောင်လက်ရွေးစင်အားကစားသမားဟောင်း ဦးအေးမောင်ကြီးက အားကစားနှင့်လူငယ်ဘဝမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ယင်းနောက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ အားကစားပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်ဒေါက်တာနေဝင်းဦးနှင့် တာဝန်ရှိသူများကလက်ခံရယူကြသည်။ ထို့နောက် မြန်မာ့သိုင်း၊ ကရာတေးဒို၊ Fitness Dance များဖြင့် သရုပ်ပြဖျော်ဖြေကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများ၊ ပြပွဲများ၊ ရွေ့လျားစာကြည့်တိုက်မော်တော်ယဉ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)