MNP ၊ စက်တင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ် လူငယ် သီတင်းပတ် (Youth Week) လူငယ်လှုပ်ရှားမှု ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေ သကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပုံမှန်သင်တန်းကျောင်းသူများက မြမန်းဂီရိ(ယိုးဒယား)သီချင်းအား ပတ္တလားဖြင့် တီးမှုတ်သီဆိုကပြ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်ပေါင်းစုံ (၄-၉-၂၀၂၃) ရက်နေ့မှ (၈-၉-၂၀၂၃) အထိ ရက်သတ္တပတ်ကို လူငယ်သီတင်းပတ် (Youth Week) အဖြစ်သတ်မှတ်ကာ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုများ ကျင်းပဆောင်ရွက်နေပြီး မကွေးတိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးတွင် တက်ကြွစွာဆောင်ရွက်နေကြောင်း သိရှိရသဖြင့် အထူးပင် ဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ဆောင်ရွက်ကျင်းပ နေခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်၏ လူမှုစဉ်များတွင် ဗလငါးတန်နှင့် ပြည်စုံသော လူငယ်များဖြစ်ထွန်းလာရေး သည် အရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်သောကြောင့် ဗလငါးတန်တစ်ခုချင်းကို ဖော်ကျူးသည့် လူငယ်လှုပ်ရှားမှုများကို ပေါ့ပေါ့ပါးပါး မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ လူငယ်များသည် အနာဂတ် မြန်မာနိုင်ငံတော်အတွက် အင်မတန်အားကိုအားထားပြုရမည့် လူစွမ်းအား အရင်းအမြစ် အစစ်အမှန်များပင်ဖြစ်သလို၊ အဆိုပါအရင်းအမြစ်များ ဗလငါးတန်းနှင့် ပြည့်စုံရေးသည် အင်မတန်အရေးကြီးသည့် အချက်လူ့စွမ်းအားတစ်ခုဖြစ်ပါကြောင်း၊ ဗလငါးတန် ဆိုသည်မှာ ကာယဗလသည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေး ပင်အနာဂတ်မြန်မာ နိုင်ငံတော်က အားကိုအားထားပြုရမည့် လူငယ်များ ကျန်းမာကြံ့ခိုင်နေမှသာ အနာဂတ်မြန်မာနိုင်ငံ တော်ကြီးလည်း တည်တံ့ခိုင်မြဲမှာ ဖြစ်ပါကြောင်း၊ ဉာဏဗလသည် ဉာဏ်ပညာစွမ်းရည် မြင့်မား တိုးတက်ရေးဖြစ်ပြီး၊ စာရိတ္တဗလသည် အကျင့်စာရိတ္တကောင်မွန်သည့် လူငယ်များ၊ ရိုးသားဖြောင့်မတ်သည့် လူငယ်များ၊ သမာသမတ်ကျသည့် လူငယ်များဖြစ်ပါကြောင်း၊ မိတ္တဗလ ဆိုသည်မှာ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများများ ရှိရန် ကြိုးစားကြရမည်ဟု ဆိုလိုပြီး၊ ဘောဂဗလဆိုသည်မှာ ဥစ္စာဓနပြည့်စုံကြွယ်ဝခြင်း ဖြစ်ပါကြောင်း၊ ဥစ္စာဓနပြည့်စုံ ကြွယ်ဝရန်အတွက် ဖော်ပြခဲ့သည့် ကာယဗလ၊ ဉာဏဗလ၊ စာရီတ္တဗလ၊ မိတ္တဗလ များနှင့် ပြည်စုံပါက ဥစ္စာဓနပြည့်စုံကြွယ်ဝသူ ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည့်အတွက် ယနေ့ လူငယ်လူရွယ်များသည် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများကို စနစ်တကျရွေးချယ် စားသောက်ခြင်း၊ အားလပ်ချိန်တွင် အားကစားလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ခြင်း၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးများ ရှောင်ကြဉ်ခြင်း စသည့်တို့ကို လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး အစဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ဆင့်ကမ်း ပခုံးပြောင်း တာဝန်ယူရမည့်သူများမှာ မောင်တို့ မယ်တို့ဖြစ်သည့်အတွက် ကျောင်းနေပျော်၍ စာတော်သော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးရေးတွင် အထူးတာဝန်ယူရမည့် ဆရာ၊ ဆရာမလောင်းများ အနေဖြင့် မိမိတို့ ပညာသင်ယူစဉ် ကာလအတွင်း ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်ကြဖို့၊ မိမိတို့ရရှိတဲ့ ဗဟုသုတများကိုလည်း မျိုးဆက်သစ် ကလေးသူငယ်များအား ပြုစုပျိုးထောင်ရေးတွင် အစွမ်းကုန်ပြန်လည် အသုံးချနိုင်ကြဖို့နဲ့ မကွေးတိုင်းဒေသကြီး ဂုဏ်ကိုဆောင်နိုင်မည့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များ၊ ထိုမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်သည့် လူငယ်များဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ သီချင်းဆိုပြိုင်ပွဲ Top Five Finalist (၇) ဦး သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး၊ (၂၄) ကြိမ်မြောက် တိုင်းဒေသကြီးမဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များက ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ သီဆို ကပြ ဖျော်ဖြေခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ကာ၊ ပြိုင်ပွဲတွင် ဆုရရှိကြသူများအား တာဝန်ရှိသူတို့က ဆုများအသီးသီး ချီမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ ၏ M.E.D.C အငြိမ့်သဘင်ဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ
#MyanmarNationalPost
No comments:
Post a Comment