မြိတ်မြို့ အထက(၅)တွင် ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့ အထက(၅)တွင် ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကျင်းပ



MNP ၊ အောက်တိုဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အထက(၅)မြိတ်တွင် ယမန်နေ့ နံနက်(၁၀) နာရီ က ကျင်းပခဲ့သည်။


ကျောင်းသား/သူ လူငယ်များကို သူငယ်ချင်း အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်များ ရရှိစေရန်၊ အများအရှေ့တွင် ပြောဆိုသည့်အခါတွင်လည်း ယဉ်ကျေးမှုနှင့် အညီ ပြောဆိုတတ်ရန်၊ သူငယ်ချင်း အချင်းချင်း ပြန်လည်ပြီး မျှဝေတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်များ တိုးတက်စေရန် ရည်ရွယ်ပြီး လူငယ်စကားဝိုင်း ကို ကျင်းပခြင်းဖြစ်သည်။


စကားဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာစကားပြောကြား၍  မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က  လူငယ်စကားဝိုင်း ကျင်းပရသည့်  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့သည်။


စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် ကျန်းမာရေးစသည့် ခေါင်းစဉ်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက Moderator ဖြင့် ဆောင်ရွက်၍ အထက်တန်း ကျောင်းသား/သူ (၄)ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြကာ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပါဝင်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်သူများက ပြန်လည်ဖြေကြားခဲ့ကြသည်။


ဆွေးနွေးပွဲအပြီးတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်မိုးက ကျေးဇူးတင်စကား ပြောကြားသည်။ စကားဝိုင်း ဆွေးနွေး ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ကို ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)