၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်



MNP ၊ အောက်တိုဘာ  ၅

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ် အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီး  ဧရာဝတီတိုင်းဒေသကြီး ရိုးရာခြင်းလုံးနှင့် ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင် အားကစားသမားများနှင့် တွေ့ဆုံ၍ အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ရိုးရာခြင်းလုံး အားကစားနည်းကိုလိုက်စား၍ ခြင်းလုံးခတ်သည့်သူများ တိုင်းဒေသကြီးနေရာအနှံ့တွင် ရှိနေပါကြောင်း၊ ရိုးရာခြင်းလုံးသည် မြန်မာ့ရိုးရာအားကစားနည်းတစ်ခုဖြစ်ပြီး ခြင်းလုံးအားကစားနည်းကို ခုံခုံမင်မင်ဖြင့် ကျန်းမာရေးအရ ကစားသူများရှိသကဲ့သို့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ ကစားနေသည့် အားကစားသမားများလည်း ရှိနေပါကြောင်း၊  ရိုးရာခြင်းလုံးအားကစားအဖွဲ့တွင် ဆီးဂိမ်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိသည့် အုပ်ချုပ်သူ၊ နည်းပြများဖြင့် လေ့ကျင့်ပြင်ဆင်ထားသည်ဖြစ်၍ ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိမည်ဟု မျှော်မှန်းပါကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား အုပ်ချုပ်၊ နည်းပြများအနေဖြင့် စနစ်တကျသင်ကြား လေ့ကျင့်ပေးလျက်ရှိရာ အောင်မြင်မှုများရရှိပြီး  ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများအနေဖြင့် မိမိတို့အသင်း အောင်မြင်မှုရရှိအောင် ဆထက်ထမ်းပိုးဆောင်ရွက်သွားကြရန်နှင့် ကျန်းမာရေးနှင့်အညီ ဂရုတစိုက်နေထိုင် စားသောက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း” အမှာစကားများပြောကြားပြီး ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ “တိုင်းဒေသကြီးအတွင်း စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများကိုအဓိက ဆောင်ရွက်လျက် ရှိပါကြောင်း၊  ဆီဖူလုံရေးအတွက် ဖွဲနုဆီစက်တည်ဆောက်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းများလည်ပတ်မှု တိုးတက်မှုအခြေအနေများအား တင်ပြပေးကြစေလိုကြောင်း၊  တိုင်းဒေသကြီးသည် မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းပြီး ကျွဲ၊ နွား၊ ဝက်၊ ဘဲ၊ ကြက်၊ ငါး၊ ပုစွန်၊ ဂဏန်းမွေးမြူရေးလုပ်ငန်းများလည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိ၍ တိရစ္ဆာန်အစာများ ထုတ်လုပ်ခြင်းလုပ်ငန်းများလည်း တိုးတက်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဇီဝမြေဩဇာ၊ သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ရန်အတွက် အစီအမံများရှိပါကလည်း တင်ပြပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။


ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်း ကိစ္စရပ်များအား ရှင်းလင်းတင်ပြီးနောက် MEF International Co., Ltd.က ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ကဏန်းပျော့တင်ပို့ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ Shwe Wah Nadi Agriculture Production Co, Ltd.နှင့် Paddy Star Co., Ltd.တို့က ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးအခြေခံတန်ဖိုးမြှင့် ဆန်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ Queen International Co., Ltd. က ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ကလေးကစားကွင်း လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ Kyar Min Gyi Co., Ltd.က ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် တိရစ္ဆာန်အစာခြောက် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ Myanmar Rice Trading Co., Ltd.က ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲရောင်းချခြင်း၊ အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ International Green Land Trading Co., Ltd. က ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ‌ကုမ္ပဏီများ၏ တင်ပြချက်များအ‌ပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)