မိုင်းယောင်းမြို့နယ်၌ ခရိုင်အုပ်ချုပ်ရေးမှူး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ်၌ ခရိုင်အုပ်ချုပ်ရေးမှူး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် အောက်တိုဘာ၃ရက်နေ့ ညနေ ၅ နာရီက တာဝန်ရှိသူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း အခွန်လွတ်သာသနာ့ဂရန် လျှောက်ထားမှုအပေါ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းသန့်ဇင်မျိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ(မြို့ပြ) ဦးထက်ဝေတင့်၊ မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲရင့်အောင်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဟောင်ကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေး၊ ဂေါပကအဖွဲ့တို့နှင့်အတူ မြေရာဇဝင်၊ မြေအမျိုးအစား၊ လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)