ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ





MNP ၊ အောက်တိုဘာ  ၅

ပဲ ခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထက ( ရွှေတောင်) ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့သည်။ 


အခမ်းအနားတွင် ဆရာ၊ဆရာမများကမြတ်ဆရာသီချင်းဖြင့်ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအားဖတ်ကြားခဲ့သည်။



ဆက်လက်၍ တာဝန်ခံမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်နိုင်ဝင်းက ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ( ၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သောစုပေါင်းသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။


ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ကဗျာပြိုင်ပွဲများတွင်ဆုရကျောင်းသား/ ကျောင်းသူ များအားဆုချီးမြှင့်ခဲ့ကြပြီးကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ( မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ) နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးဆောင်ကော်မတီဝင်များ၊မြို့မိမြို့ဖများ၊ရွှေတောင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းအုပ် ဆရာ/ဆရာမကြီး များစုစုပေါင်းအင်အား ( ၂၄၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)