ကြံခင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်



MNP ၊ အောက်တိုဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးဒေါက်တာဝင်းသင်္ဂီက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်းတိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားပါသည်။


ထို့နောက်သင်တန်းစတင်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုက ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရန်အတွက် Conncare Application ကိုအသုံးပြု၍ စာရင်းရေးသွင်းရမည့်ပုံစံများနှင့် ရေးသွင်းပုံနည်းစနစ်များကို သင်တန်းတက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများအား ရှင်းလင်းပို့ချပေးခဲ့သည်။


ယင်းနောက် လက်တွေ့ကွင်းဆင်းတစ်ရွာအနေဖြင့် မဲကုန်းကျေးရွာအုပ်စု၊ မဲကုန်းကျေးရွာရှိ အိမ်ခြေ(၅၀)တွင် တိရစ္ဆာန်ကောင်ရေစာရင်းအား ကွင်းဆင်းကောက်ယူခဲ့ကြကြောင်းနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရပ်ကွက် (၁) ခု၊ ကျေးရွာအုပ်စု (၂၀) အုပ်စုရှိ၊ ကျေးရွာ (၅၀) ရွာသို့စာရင်းကောက်အင်အား (၃၀) ဦးဖြင့် စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)