MNP ၊ အောက်တိုဘာ ၄
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန မြောင်းမြ မူလတန်းကြိုကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မေဝင်းကျော်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မူလတန်းကြို ကျောင်းအုပ်ဆရာမကြီးက ကျောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြီး မိဘဆရာအသင်း နှစ်ပတ်လည်အစီရင်ခံစာများ ဖတ်ကြားခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ပါသည်။
ထို့နောက် မူလတန်းကြို ကျောင်းသားကျောင်းသူများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အဖွဲ့လိုက် သီချင်းရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ များကိုကျင်းပပြီး ဆုရရှိသူ ကျောင်းသား ကျောင်းသူမျကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment