မြောင်းမြမြို့ မူလတန်းကြိုကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့ မူလတန်းကြိုကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ



MNP ၊ အောက်တိုဘာ   ၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန မြောင်းမြ မူလတန်းကြိုကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မေဝင်းကျော်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မူလတန်းကြို ကျောင်းအုပ်ဆရာမကြီးက ကျောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြီး မိဘဆရာအသင်း နှစ်ပတ်လည်အစီရင်ခံစာများ ဖတ်ကြားခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ပါသည်။


ထို့နောက် မူလတန်းကြို ကျောင်းသားကျောင်းသူများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အဖွဲ့လိုက် သီချင်းရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ များကိုကျင်းပပြီး ဆုရရှိသူ ကျောင်းသား ကျောင်းသူမျကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)