မချမ်းဘောမြို့နယ်ရှိအခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မချမ်းဘောမြို့နယ်ရှိအခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ အောက်တိုဘာ   ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့်အောင်ချက်မြှင့်မားလာစေရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြှင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မချမ်းဘောမြို့နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့်အောင်ချက်မြှင့်မားရေးအတွက် စာကျက်ဝိုင်းများ ဖွင့်လှစ်သွားရန်နှင့် ကျောင်းသားကျောင်းသူများအား အာဟာရကျွေးခြင်း၊ ဆရာဆရာမများ၏ သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်သွားရာတွင် ပံ့ပိုးကူညီရန် ဦးစီးကော်မတီနှင့် လုပ်ငန်းကောက်မတီများ ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် မိမိတို့တာဝန်ကျရာ သက်ဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။


ဆက်လက်၍ သက်ဆိုင်ရာဦးစီးကော်မတီဝင်နှင့် လုပ်ငန်းကော်မတီဝင်များက ကော်မတီ၏ မူဝါဒချမှတ်ရေး၊ ရန်ပုံငွေရှာဖွေရေးဆိုင်ရာများ၊ သင်ကြားရေးအထောက်အကူပြုစာအုပ်များနှင့် အားဖြည့်ဆရာ၊ ဆရာမလိုအပ်ချက်များ၊ ရေမီးမိလ္လာအဆင်ပြေစွာ အသုံးပြုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီရယူနိုင်ရေးနှင့် ကျောင်းသူကျောင်းသားများ၏ စာကျက်ဝိုင်းတွင် စိတ်လက်ပျော်ရွှင်စွာပညာသင်ယူနိုင်ရေးနှင့် ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။ မချမ်းဘောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း ၂ ကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ) ၁ ကျောင်းမှကျောင်းသားကျောင်းသူစုစုပေါင်း ၃၇ ဦးတို့က ဝင်ယောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


ယောရွှေနီ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)