ငွေဆောင်မြို့တွင် ဌာနဆိုင်ရာအကြီးအကဲများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့တွင် ဌာနဆိုင်ရာအကြီးအကဲများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် မြို့ဌာန ဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာအကြီးအကဲများအား မိမိတို့၏ ဌာနအလိုက် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ငွေဆောင်မြို့အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီ လုံခြုံရေးအထူး ဂရုစိုက်ကြရန်၊ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ကမ်းခြေသန့်ရှင်းသာယာလှပရေးအား အဖွဲ့များဖွဲ့၍ အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။


 ထို့ပြင် ပွင့်လင်းရာသီ ကမ်းခြေ နှင့် ဟိုတယ်များ ​​ပြန်လည်ဖွင့်လှစ်ကာ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရေးအတွက် စီစဥ်ထားရှိမှု၊​ ငွေဆောင်ကမ်း​ခြေတွင် ခရီးသွားဧည့်သည်များ ​​အေးချမ်း ပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံ​ခြုံမှုရှိစေရေး၊ ကမ်း​ခြေသန့်ရှင်းသာယာလှပရေး၊ ကမ်း​ခြေ စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းနှင့် အညီ ရောင်းချမှုရှိစေရေးနှင့် ယာဥ်ကြော​ ပိတ်ဆို့မှုမဖြစ်စေရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်နယ်မြေ ရဲတပ်ဖွဲ့၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ရန် စီစဥ်ထားရှိမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။ 


တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲ များမှလည်း မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ် ပေးခဲ့သည်။ အဆိုပါ လစဥ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)