ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကျင်းပ






MNP ၊ အောက်တိုဘာ  ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ ဖိုးခေါင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းနှင့်ကြာနီကန်ရပ်ကွက်၊ ကူကြီးအခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်း အောင်က အဖွင့်အမှာစကား ပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့် ရည်မှန်းချက်၊ 

စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ 


ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့် နှင့် ဒေါ်ဇင်မာချောစုကြည်တို့က စားသုံးသူနှင့် အဓိပ္ပာယ် ၊ကုန်ညွှန်းအမှတ်အသား (၈)ချက်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်က အာဟာရအုပ်စုများနှင့် ကျန်းမာရေးဆိုင်ရာ သိ ကောင်းစရာအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုမှ ကလေးများ၏သဘောသဘာဝနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကိုယ်လက်လှုပ်ရှားအားကစား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှား မြန်မာ့သိုင်းအားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် ပြန်/ဆက်ဦးစီးဌာန ၊ဒုတိယဦးစီးမှူး ဒေါ် နွေးဒါလီနိုင်မှ " သစ် တော သစ်ပင် ချစ်စေချင် " ခေါင်းစဉ်ဖြင့်ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကိုဖတ်ရှုခဲ့ကြောင်း သိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)