ရွှေတောင်မြို့နယ်၌၂၀၂၃- ခုနှစ်၊အမျိုးသားအဆင့်တိရိစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌၂၀၂၃- ခုနှစ်၊အမျိုးသားအဆင့်တိရိစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်




MNP ၊ အောက်တိုဘာ  ၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ၂၀၂၃ -ခုနှစ်၊အမျိူးသားအဆင့် တိရိစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနရုံး၌ကျင်းပခဲ့သည်။


ရှေးဦးစွာ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူးဒေါက်တာအေးချမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမျိုးသားအဆင့်တိရိစ္ဆာန်ကောင်ရေစာရင်းများကောက်ယူရာတွင် Commcare App ကိုအသုံးပြု၍ စနစ်တကျကောက်ယူနိုင်စေရန် ၊အချက်အလက်စာရင်းရေးသွင်းရာတွင် မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်ရန်နှင့်အချိန်နှင့်တပြေးညီကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများသို့ နိုဝင်ဘာလအတွင်းစာရင်းကောက်ယူခြင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်သင်တန်းတက်ရောက်ခြင်းဖြင့်တိရိစ္ဆာန်ကောင်ရေစာရင်းများမှန်ကန်စွာ ကောက်ယူရရှိနိုင်မှုသည်စာရင်းကောက်များ၏မေးခွန်းလွှာအပေါ်နားလည်သဘောပေါက်မှုနှင့်ကျွမ်းကျင်မှုကို မြှင့်တင်နိုင်မည့်အကျိူးကျေးဇူးများရရှိမည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့ပါသည်။


အဆိုပါသင်တန်းသို့ ရွှေတောင်မြို့နယ်အတွင်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ နှင့်စာရင်းကောက်များ( ၃၅ )ဦးတက်ရောက်ကြပြီးနံနက်၉နာရီမှ ညနေ၄း၃၀ အချိန်ထိ စာတွေ့လက်တွေ့ ပို့ချသင်ကြားခဲ့ကြောင်းနှင့်ကျေးရွာတစ်ရွာသို့ကွင်းဆင်း၍ Commcare App ဖြင့် လက်တွေ့စာရင်းရေးသွင်းခြင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)