ကျန်းမာရေးဝန်ထမ်းမျာနှင့် ဌာနဆိုင်ရာများအား သက်သာသောနှုန်းထားဖြင့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးဝန်ထမ်းမျာနှင့် ဌာနဆိုင်ရာများအား သက်သာသောနှုန်းထားဖြင့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး





MNP ၊ အောက်တိုဘာ  ၅

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများအား သက်သာသောနှုန်းထားဖြင့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှုများ ကြည့်ရှုအားပေး၍ ဆေးရုံတက်ရောက်ကုသလူနာများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ဦးစွာ ပုသိမ်မြို့၊ ခုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီလက်လီအရောင်းဈေးကားဖြင့် ဆီ ၁ ပိသာလျင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုအားလည်းကောင်း၊ ပုသိမ်မြို့နယ် ဆန်စက်ပိုင်အသင်းနှင့် ဆန်ကုန်သည်များ အသင်းတို့မှ ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုများအား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပုသိမ်ပြည်သူ့ဆေးရုံကိုးထပ်ဆောင်သို့​ သွားရောက်ကာ ​ဆေးရုံတက်ရောက်ကုသလူနာများအား လိုက်လံကြည့်ရှုအား​ပေးစကားများ ​ပြောကြားခဲ့ပြီး ​ဆေးရုံတက်ရောက်ကုသလူနာ (၂၉၈)ဦးအတွက် ထောက်ပံ့​ငွေနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးရုံအထောက်အကူပြုအဖွဲ့ ဆေးဆိုင်သို့သွားရောက်၍ ဆေးကုလူနာများအား ဆေးရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ငပုတောမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ​ဆေးရုံတက်​ရောက်ကုသလူနာများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ​ဆေးရုံတက်​ရောက်ကုသလူနာ(၃၀)ဦးအတွက် ထောက်ပံ့ငွေများနှင့် အာဟာရပြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပုသိမ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီလက်လီအရောင်းဈေးကားဖြင့် ဆီ ၁ ပိသာလျင် ၄၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုအား လည်းကောင်း၊ ငပုတောမြို့နယ်ဆန်ကုန်သည်ကြီးများအသင်းမှ  ဆန်တစ်ပြည်လျင်(၂၅၀၀)နှုန်းဖြင့် လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်ဥ(၁၀)လုံးလျင် (၂၅၀၀)နှုန်းဖြင့်လည်းကောင်း ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)