MNP ၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့်ဂြစ်ချောင်းကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း နှင့် တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ ဂြစ်ချောင်းကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို၂၀၂၃-၂၀၂၄ ခု ဘဏ္ဍရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သော တွင်းလမ်း ကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပ့ံငွေ ၁၂ သန်း နှင့် ပြည်သူထည့်ဝင်ငွေ ၂ဒသမ၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရွာတွင်းလမ်းကွန်ကရစ် မှာ အလျား ၆၇၁ ပေ ၊ အကျယ် ၇ ပေ ၊ ထု ၆ လက် မ ရှိပြီး လုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment