MNP ၊ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမတွင် ကျင်းပပြုလုပ်သည့် ပညာရေးဘွဲ့ စာပေးစာယူ (၂/၂၀၂၂) ဒုတိယနှစ်နှင့် (၄/၂၀၂၃) ပထမနှစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြောင်းမြ ပညာရေးဒီဂရီကောလိပ်အတွက် အလှူငွေကျပ် ၁၂၅၀၀၀၀ ကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက လက်ခံရယူခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် မိတ်ဆက်ဂါရဝပြုရာ ပညာရေးဘွဲ့ စာပေးစာယူ (၂/၂၀၂၂) ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူ ၁၉၉ ဦးနှင့် (၄/၂၀၂၃) ပထမနှစ် သင်တန်းသား၊ သင်တန်းသူ ၄၂၈ ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၆၂၇ ဦး တက်ရောက် ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြောင်းမြပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment