နယူးယောက်၊ အောက်တိုဘာ ၁၉
ယူကရိန်းကို အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ ခွဲဝေပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကွန်ဂရက်လွှတ်တော်ထံ တောင်းဆိုရန် စီစဉ်နေကြောင်း NBC News ရုပ်သံလိုင်းက သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
သတင်းရင်းမြစ်တွေအရ ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်နဲ့ အမေရိကန်နယ်စပ် ကာကွယ်ရေးအတွက် ရည်ရွယ်ထားတဲ့ ဒေါ်လာ ဘီလီယံ ၁၀၀ တန် ပက်ကေ့ခ်ျအများစုဟာ ယူကရိန်း (ကိယက်ဗ်)ကို ရောက်သွားလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ဆိုသည်။ အဆိုပါ ပက်ကေ့ချ်ကို သဘောတူညီခြင်းမရှိသေးသော်လည်း ဘိုင်ဒင် က ယခုသီတင်းပတ်နှောင်းပိုင်းတွင် ကြေညာရန်စီစဉ်ထားကြောင်း တီဗီချန်နယ်မှ ပြောကြားခဲ့သည်။
ဘိုင်ဒင်အစိုးရသည် အစ္စရေး၊ ယူကရိန်းနှင့် ထိုင်ဝမ်တို့အား စစ်ရေးအကူအညီများ ပေးမည့် ဥပဒေကြမ်းကို ကွန်ဂရက်သို့ တင်ပြရန် မျှော်လင့်ထားကြောင်း တာဝန်ရှိသူများကို ကိုးကား၍ Foreign Policy မဂ္ဂဇင်းက အစောပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော်လည်း ရီပတ်ဘလစ်ကန်အချို့က အကူအညီများ ပေါင်းစည်းခြင်းကို ဆန့်ကျင်နေသောကြောင့် ယင်းဥပဒေမူကြမ်းသည် အောက်လွှတ်တော်တွင် ပြဿနာရှိနိုင်သည်ဟု အမည်မဖော်လိုသည့် အမေရိကန်လွှတ်တော်အမတ်တစ်ဦးက မဂ္ဂဇင်းကို ပြောကြားခဲ့သည်။ အစ္စရေးအတွက် အထောက်အပံ့နှင့် နယ်စပ်ကာကွယ်ရေးအတွက် အောက်လွှတ်တော်တွင် စိန်ခေါ်မှု မရှိသော်လည်း ယူကရိန်းအတွက် ထပ်လောင်းအကူအညီပေးရန်တောင်းခံမှုနှင့် ပတ်သက်၍ ယူကရိန်းအတွက် လုံလောက်ပြီဟု ယူဆသော အောက်လွှတ်တော် ရီပတ်ဘလီကန်အချို့ ရှိနေသည်။
Ref - TASS
https://t.me/MyanmarNationalPost
No comments:
Post a Comment