သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၉၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ အလေးချိန် ၃၈ ကီလို ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၉၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ အလေးချိန် ၃၈ ကီလို ဖမ်းဆီးရမိ


MNP ၊ အောက်တိုဘာ ၁၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ သာစည်ဘက်သို့ တင်မောင် မောင်းနှင်လာသည့် CELSIOR မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၅၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ အလေးချိန် ၃၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများအား ညောင်ရွှေမြို့နယ်မှ တပ်ကုန်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)