ဒီနေ့ဒီအချိန်ဟာ မြန်မာနိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူများအားလုံး ညီညွတ်ရမယ့် အချိန်ကာလဖြစ်ပါတယ်။ မိမိတို့ရဲ့ အတ္တ၊ မာနတွေကို ရှေ့တန်းတင်ပြီး ဇောင်းကြွရမယ့် အချိန်မဟုတ်ပါဘူး။ မိမိတို့ တိုင်းရင်းသားပြည်သူအချင်းချင်း ရက်စက်ယုတ်မာနေရမယ့် ကာလ မဟုတ်ပါဘူး။
ယနေ့ မြန်မာပြည်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့ NLD, ၈၈ နိုင်ငံရေးသမားများကို လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပြီး မိုက်လုံးကြွအောင် လုပ်ပေးခဲ့တာ ဘယ်သူတွေလဲ။ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုကလည်း မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် NLD, ၈၈ အုပ်စုတွေကို မြှောက်ပေးခဲ့ကြသလို အစ္စလာမ်းမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကလည်း ထိုနည်းတူစွာပဲ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ပြီး ကိုယ်ကျိုးရှာလိုတဲ့ NLD, ၈၈ နိုင်ငံရေးလုပ်စားသူများ ကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်စေရန် ပစ်မှတ်ထားခဲ့တဲ့ အုပ်စု နှစ်စုရဲ့ အကွဲအပြဲကို ယခု အထင်အရှား မြင်တွေ့ရပါပြီ။
အမေရိကန် ဦးဆောင်သော အနောက်အုပ်စုက အစ္စရေးဘက်ကပဲ ထာဝရ ရပ်တည်မှာ ဖြစ်သလို အစ္စလာမ်းမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး (OIC) ကလည်း ပါလက်စတိုင်းဘက်က ထာဝရ ရပ်တည်မှာပဲ ဖြစ်ပါတယ်။ အားနည်းတဲ့သူက တရုတ်၊ ရုရှားရဲ့ အားကို ရယူကြမှာ ဖြစ်ပါတယ်။ အမေရိကန် နဲ့ ရုရှား - တရုတ် က ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ကာလမှာ တရုတ်၊ ရုရှားရဲ့ ရပ်တည်မှုက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ ပတ်သက်လို့ စေ့စပ်ညှိနှိုင်းဖို့ တိုက်တွန်းထားသလို အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုမှန်သမျှကို ကန့်ကွက်ရှုတ်ချထားပါတယ်။ ထိုနည်းတူစွာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးကလည်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေအပေါ် ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂမျက်နှာစာမှာဆိုရင် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ အစ္စလာမ်းမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ဟာ မြန်မာနိုင်ငံအပေါ် ဖိအားပေး စွပ်စွဲပြောဆိုမှုတွေမှာ တသားတည်း ဖြစ်ခဲ့တာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံအတွင်း ခိုးဝင်ရောက်ရှိနေတဲ့ ဘင်္ဂလီများ (လူမျိုးလိမ်) အရေး မမှန်မကန် လုပ်ကြံဖန်တီး ဖိအားပေးတဲ့ နေရာမှာ တသားတည်း ဖြစ်ခဲ့ကြပါတယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်လို့ မြန်မာပြည်အပေါ် မဟုတ်မမှန် လုပ်ကြံဖန်တီး ဖိအားပေးခဲ့ကြတဲ့ အားပြိုင်မှု ပြင်းထန်တဲ့ အစွန်းရောက်တွေရဲ့ သရုပ်မှန်ကို မြင်တွေ့ရတဲ့ ကာလဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် ပြဿနာနဲ့ ကြုံတွေ့လာရတဲ့အခါ လူ့အခွင့်အရေးဆိုတာကို သူတို့ အလေးမထားကြတော့ပါဘူး။
အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခဖြစ်ပေါ်လာအောင် ဖန်တီးတဲ့အထဲမှာ မြန်မာပြည်က မပါဝင်ပေမယ့် မြန်မာပြည်အတွက် ထိခိုက်နစ်နာမှုဖြစ်စေမယ့် ကိစ္စတွေ အများကြီး လျော့ပါးသွားတဲ့ အတွက် အကျိုးအမြတ် များတယ်လို့ ဆိုရင်လည်း ရပါတယ်။ ဒီကိစ္စအပေါ်မှာ မြန်မာပြည်က အမြတ်ထုတ်တာ မဟုတ်ပါဘူး။ အမြတ်ထွက်တာကတော့ မြန်မာပြည်ကို ပြိုကွဲပျက်စီးအောင် ဖန်တီးနေသူတွေ အထိနာကြတာ ဖြစ်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံထဲက ထွက်ပြေးသွားတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NLD, ၈၈ အုပ်စု အသံထွက်ဖို့ မလွယ်တော့ပါဘူး။ သူတို့ အာသီးယောင်တာကို လက်ခံစဉ်းစားပေးမယ့်သူ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက အစ္စရေးဘက်က ကူညီပံ့ပိုးနိုင်ဖို့ ပြင်ဆင်နေကြသလို အစ္စလာမ်းမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) ကလည်း ပါလက်စတိုင်းအတွက် လက်တုန့်ပြန် သွေးကြွေးဆပ်ဖို့အထိ တာဆူလာကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ စားနပ်ရိက္ခာပြဿနာဟာ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ စားနပ်ရိက္ခာအခက်အခဲ မဖြစ်ပေါ်စေဖို့ သီးနှံတွေအထွက်တိုးဖို့ မျှော်လင့်ချက်ထားပြီး ဆောင်ရွက်နေတဲ့ အခြေအနေဟာ ကမ္ဘာ့နိုင်ငံများမှာ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းနဲ့ မြန်မာပြည်မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အခြေအနေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမျှော်အမြင် ရှိရှိနဲ့ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အာဏာရမ္မက်ထနေတဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေမှာ ပြည်သူများအတွက် ကောင်းကျိုးဖြစ်စေမယ့် အစီအစဉ်မရှိသလို ဆောင်ရွက်ချက်လည်း မရှိပါဘူး။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၆၃၀၀) နီးပါးအထိ သတ်ဖြတ်ခဲ့တဲ့ NLD, ၈၈ (အမည်ပြောင်း CRPH, NUG) အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်က သက်သေခံနေပါတယ်။
အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခပေါ်ပေါက်လာခြင်းဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NLD, ၈၈ အုပ်စု မျက်စိသူငယ် နားသူငယ်ဖြစ်နေရတဲ့ ကာလလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီလိုအခြေအနေမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများရဲ့ သြဇာခံ PDF အကြမ်းဖက်အဖွဲ့များ၊ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနဲ့ လက်တွဲပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေကြတဲ့ KNU, KIA ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနဲ့လည်း NCA လမ်းကြောင်း ဆက်လက်လျှောက်လှမ်းပြီး ဒေသခံ ပြည်သူများရဲ့ နေ့စဉ်လူမှုစီးပွားဘဝများ တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်နိုင်စေဖို့ ရှေးရှုရပ်တည်ဆောင်ရွက်သင့်သော ကာလဖြစ်ပါကြောင်း ။ ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment