စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာ၀ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာ၀ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားတက်ရောက်




MNP ၊ အောက်တိုဘာ  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျော့ချရေးနေ့အတွက် သဘာဝဘေး အန္တရာယ်နှင့် မညီမျှမှုကြား အပြန်အလှန် ဆက်ဆံရေးကို ရှေးရှုဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုနှင့် ပတ်သက်၍ အမျိုးသားအဆင့်မှ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အဆင့်အထိ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထား ရှိပြီး သဘာဝဘေးအန္တရာယ်များကြောင့် အတိ ဒုက္ခကြုံတွေ့နေရသည့် ဒုက္ခသည်များအား လတ်တလော သက်သာချောင်ချိမှုရရှိစေရေး အတွက် အထောက်အပံ့များပေးခြင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်အိုးအိမ် ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းရေးအတွက် ကြိုတင်စီမံဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်း ဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားမဖြစ်ပွားခဲ့သော်လည်း မီးလောင်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်းနှင့် အခြား ဘေးများအပါအဝင် လတ်တလောအကြမ်းဖက်မှုကြောင့် ယာယီနေ ရပ်စွန့်ခွာသူများအား လိုအပ်သည့် ထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ်အဖြစ် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ မညီမျှမှုတွေ တိုက်ဖျက်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ လူသားများ၏ အသက်အိုးအိမ်၊ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးနှင့် အခြေခံအဆောက်အဦများတွင် ဆုံးရှုံးမှုများ အား ကာကွယ်လျှော့ချရန် ဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ ရောက်ရှိမှာ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ရာသီအလိုက်ဖြစ်ပေါ်တတ်သော မည့်သည့် ဘေးအန္တရာယ်မျိုးကိုမဆို အသိသတိရှိစွာဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ယခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အယ်လ်နီညို (အပူလွန်ကဲခြင်း) ရာသီဉတုဖြစ်စဉ်အား အထူးဂရုပြု နေထိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုလသမဂ္ဂဘေးအန္တရာယ် လျော့ပါးရေးရုံး (UNDRR)မှ ပေးပို့သော ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ သတင်းစကားရုပ်သံ Video Massage ၊ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ပြဇာတ်ဇာတ်လမ်း Video နှင့် မိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှု ဆိုင်ရာ မှတ်တမ်းတင် Video တို့အား ကြည့်ရှုအားပေးကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ အပြည် ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြခန်းတွင် ပြသထားသော သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုနှင့် ကူညီကယ်ဆယ်ရေလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးကိုယ်စားပြု ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အဆင့်အလိုက်ဘာသာရပ်များဖြစ်သော တစ်ကိုယ်တော် အက၊ ကဗျာလွတ်အက၊ ဆိုင်းအဖွဲ့လိုက်၊ ဒုံမင်း၊ အိုးစည်အဖွဲ့လိုက်၊ ဆိုင်းတစ်ကိုယ်တော်၊ နှဲတစ်ကိုယ်တော်၊ ခောတ်ဟောင်းကာလပေါ်၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ ရုပ်သေးနှစ်ပါးသွား အကများ လေ့ကျင့်နေသည့် ပြိုင်ပွဲဝင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နည်းပြများနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။


အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင် အမျိုးသား - ၁၄၈ ဦး၊ အမျိုးသမီး - ၉၂ ဦး၊ စုစုပေါင်း ၂၄၀ ဦးဖြင့် ဘာသာရပ်ပေါင်း ၈၉ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ရက်ပေါင်း ၃၀ ကျော်ကြာ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)