ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP ၊ အောက်တိုဘာ  ၁၉

ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်တရားမဝင်ကုန်သွယ်ရေး တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ် စီးပွားရေး ရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် အကန့်အသတ်များရှိ နေသော်လည်း နည်းလမ်းရှာဖွေကြံဆပြီး လုပ်နိုင်သည့်လုပ်ငန်းများကို မဖြစ်အနေအတူတကွ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွက် အဓိကကုန်သွယ်မှုဇုန်များဖြစ်သည့် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထန်တလန်(ယာယီ) နယ်စပ် ကုန်သွယ်ရေးစခန်းများ၌ ကုန်စည် စီးဆင်းမှုများ ပုံမှန်အနေအထား မရောက်ရှိသေးသည့်တိုင်အောင် အခြေခံစားသုံးကုန်များနှင့် လူသုံးကုန်များ ကုန်စည်စီးဆင်းနေမှုများ တိုးတက်ကောင်းမွန်မှုများရှိနေပြီး လက်ရှိရရှိနေသည့် အခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်း အားပေး ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်မှုရှိစေရေး အားပေးထောက်ပံ့မှုများ ဆောင်ရွက် ပေးရမည့်နည်းတူ အခြားတစ်ဖက်မှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အစီအမံများ ချမှတ်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း အဖွင့်အမှာ စကား ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ချင်းပြည်နယ်၏ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထန်တလန်(ယာယီ) နယ်စပ်ကုန်သွယ်ရေးစခန်း များ၏ နောက်ခံသမိုင်းနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန များမှ ပြည်နယ်ဦးစီးမှူးများက ဆွေးနွေးတင်ပြကြသည်။


တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)