MNP ၊ အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ချေးငွေများထုတ်ချေးပေးမှုနှင့်ပတ်သက်၍ ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာဦးယဥ်ဌေးက ချေးငွေထုတ်ယူသည့် တောင်သူများအားလိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများက ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ကျားဘိုကျေးရွာ သို့ နေကြာစိုက်တောင်သူ ( ၂၆ )ဦးအား တစ်ဧကလျှင် (၁၀၀၀၀ဝိ/-) နှုန်းဖြင့် နေကြာစိုက်ဧက ( ၁၅၄ ) ဧကအတွက် ( ၁၅၄ ) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ချေးငွေထုတ်ယူမည့်ကျေးရွာပေါင်း (၂၃ )ရွာရှိပြီး တစ်ဧကလျှင် နွေစပါး ( ၁၅၀၀၀ဝိ/-)နှုန်းဖြင့်လည်းကောင်း ၊ပဲမျိုးစုံ ၊နေကြာ တစ်ဧကလျှင် (၁၀၀၀၀ဝိ/-)နှုန်းဖြင့်လည်းကောင်းေ စိုက်ဧက ( ၉၆၀၀ ) အတွက် စုစုပေါင်းချေးငွေပမာဏ သိန်းပေါင်း တစ်သောင်းလေးထောင် ထုတ်ချေးရန်လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment