ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်





MNP ၊ အောက်တိုဘာ  ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်း နှင့် အရန်မီးသတ်တပ်ခွဲမှူး စခန်းစီမံခန့်ခွဲရေးတာဝန်ရှိသူများမှ ကြိမ်နီပြင် IDP စခန်း၌ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဟောပြောသရုပ်ပြခြင်း၊ မီးပေါ့ဆမှုမရှိရေး၊ မီးသုံးစွဲခြင်း စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိနှင့် ဆောင်ရန် ရှောင်ရန်တို့ကို အသိပညာပေးအကြံပြုဆွေးနွေးခဲ့ ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)