အောင်ပန်းဒေသမှ ထွက်ရှိလာသည့်အာလူးများ စျေးအနည်းငယ် ကျဆင်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်ပန်းဒေသမှ ထွက်ရှိလာသည့်အာလူးများ စျေးအနည်းငယ် ကျဆင်းလာ


MNP ၊ အောက်တိုဘာ    ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာစျေးအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဒေသမှ ထွက်ရှိသည့် အာလူးများ စျေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။


အဆိုပါ အောင်ပန်း ဒေသထွက် အာလူးများသည် လက်ရှိ မြို့သစ်မြို့ စည်ပင်သာယာစျေးအတွင်းသို့ တစ်ရက် ခြောက်ဘီးကားနှစ်စီးဖြင့် သုံးရက်တစ်ခါ ရောက်ရှိပြီး စျေးနှုန်းမှာလည်း ယခင်ရက်များထက် စျေးအနည်းငယ် ကျဆင်းလာကြောင်း၊ လက်ရှိတွင် အာလူးတစ်ပိဿာလျှင်(၂၄၀၀)ကျပ်စျေး ဝန်းကျင်ရရှိကြောင်း မြို့သစ်မြို့မစျေး ကုန်စိမ်းတန်းက သိရသည်။          


“လက်ရှိမှာ အာလူးက အောင်ပန်းဒေသကဘဲ ထွက်ရှိပြီး ဝင်ရောက်တာ အခုတလော ကျန်တဲ့ဒေသက အာလူးတွေက စျေးကွက်အတွင်း ဝင်ရောက်လာတယ် ဒါ့ကြောင့် အာလူးက အဝင်များလာတယ် ပြီးခဲ့တဲ့လပိုင်းက အာလူးစျေး(၃၀၀၀)ကျော်ရသေးတယ် အခုမှ အာလူးစျေးကွက်က အနည်းငယ် ကျဆင်းလာတာဟု” ကုန်သည်တစ်ဦးက ပြောသည်။


အဆိုပါ အောင်ပန်းဒေသထွက် အာလူးများသည် လက်ရှိတွင် မြို့သစ်မြို့ စည်ပင်သာယာစျေးကွက်သို့ သုံးရက်တစ်ကြိမ် ဝင်ရောက်လျှက်ရှိပြီး အာလူးစျေးကွက်မှာ အနည်းငယ် ကျဆင်းလာကြောင်း သိရသည်။


သန်းဝင်းထွန်း 

https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)